ကရင်ပြည်နယ်၊ မြဝတီ ဒေါနတောင်လမ်းဟောင်း၏ အလည်ဘိုတဲအကျော်တွင် ယနေ့ ဇူလိုင် လ ၁၂ ရက် နေ့လယ် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း အလင်းသစ်-Rescue Myawaddy လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။မြဝတီမြို့သို့သွားမည့် ခရီးသည် ၁၀ ဦးအား တင်ဆောင်၍ ဒေါနတောင်လမ်းဟောင်းအတိုင်းမောင်းနှင်လာသော အမဲရောင် Vigo အမျိုးအစားခရီးသည်တင်ကားသည် အလည်ဘိုတည်းအကျော်တွင် လမ်းဘေးချော်ပြီး ချောက်ထဲထိုးကျကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို မြဝတီမြို့၊ အခြေစိုက် အလင်းသစ်- Rescue Myawaddy လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
မြဝတီ ဒေါနတောင်လမ်းဟောင်းတွင် ခရီးသည်တင်ယာဉ် ၁ စီး ချောက်ထဲထိုးကျ၊ ၅ ဦးဒဏ်ရာရရှိ
Jul 12 • 5:02 PM
မြန်မာ
ကရင်
မျှဝေမည်
12 | 0 | 0 | 0 |