နေပြည်တော်ရဲ့ ခရီးသည်ပို့ဆောင်ရေးမှာ အိုးဝေများတွင်ကျယ်လာနေ

Jul 12 • 5:39 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်ရဲ့ ခရီးသည်ပို့ဆောင်ရေးမှာ အိုးဝေများတွင်ကျယ်လာနေ

နေပြည်တော်ဒေသအတွင်း ခရီးသည်ပို့ဆောင်ရေးတွင် ယခုနောက်ပိုင်း အိုးဝေများကို ယခင်ကထက် ပိုမို တွင်ကျယ်စွာ သုံးစွဲလာကြောင်း ဒေသခံများထံမှ သိရသည်။ယခင်က အနည်းအကျဉ်းလောက...

နေပြည်တော်ဒေသအတွင်း ခရီးသည်ပို့ဆောင်ရေးတွင် ယခုနောက်ပိုင်း အိုးဝေများကို ယခင်ကထက် ပိုမို တွင်ကျယ်စွာ သုံးစွဲလာကြောင်း ဒေသခံများထံမှ သိရသည်။ယခင်က အနည်းအကျဉ်းလောက်သာသုံးစွဲမှုရှိခဲ့သော်လည်း ငလျင်ကာလပြီးနောက်တွင် အသုံးပြုသူ တွင် ကျယ်လာ ခြင်းလည်းဖြစ်သည်။အဆိုပါ အိုးဝေများမှာ ယခင်က တစ်ရက်လျှင် ကျပ် ၂၀,၀၀၀-၃၀,၀၀၀ လောက်ရအောင်ကိုပင် မနည်း လုပ်ကိုင် ခဲ့ကြရပြီး ငလျင်လှုပ်ပြီးယခုနောက်ပိုင်းတွင် တစ်ရက် ကျပ် ၅၀,၀၀၀ လောက်အထိ ရရှိလာခဲ့သလို နေပြည်တော်ဒေသအတွင်း ခရီးရှည် အော်ဒါလိုက်ရပါက ကျပ်တစ်သိန်းကျော်အထိ ရလေ့ရှိကြောင်း သိရသည်။နေပြည်တော်တွင် ငလျင်မတိုင်ခင်ကာလများက အိုးဝေများ ဆယ်ဂဏန်းဝန်းကျင်သာရှိသော်လည်း ယခုအခါ အစီးရေ ရာကျော်ရှိနေပါတယ်။


news-view-count-icon

21