ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမှာ မြင့်တဘက်လာပြီး ယနေ့ ဇူလိုင် (၁၁) ရက် မွန်းလွဲပိုင်းအချိန်တွင် ကမ်းနားလမ်းရှိ ဇက်ဆိပ်ဟောင်း နေရာနစ်မြှပ်နေပြီဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အော heက် (၇၀၆) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် (၃၆) နာရီအတွင်း စိုးရိမ်ရေမှတ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။သံလွင်မြစ်ရေဆက်လက် တက်လာနိုင်ဖွယ်ရှိသဖြင့် ဘားအံမြို့ မြစ်ကမ်းနဘေး နေထိုင်သူများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ကြိုတင်ရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ထားသည်။



