ဇူလိုင် ၆ ရက် မနက် ၆ နာရီလောက်က ပေါင်မြို့နယ် သဲကုန်းကျေးရွာ ဘုန်းကြီးလမ်းမှာရှိတဲ့ ဒေါ်ခိုင်အေးဖြူဆိုသူက နေအိမ်မှာ ထမင်းအိုးတည်ထားပြီး ဈေးကိုထွက်သွားစဉ် နေအိမ်မီးလောင်မှု ဖြစ်ခဲ့ပြီး ဘေးချင်းကပ်နေအိမ် ၂ လုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။နေအိမ်မီးလောင်မှုကို ပတ်ဝန်းကျင်ပြည်သူတွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၆ နာရီ မိနစ် ၅၃ လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။မီးလောင်မှုကြောင့် ဒေါ်ခိုင်အေးဖြူရဲ့ အိမ်အပြင် အိမ်နီးချင်းတွေဖြစ်တဲ့ ဦးကျော်ထွန်းနဲ့ဦးသန်းနိုင် တို့ရဲ့ သွပ်မိုး၊ ပျဥ်ကာအပါအဝင် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပေါင်မြို့နယ်မှာ ထမင်းအိုးတည်ထားပြီး ဈေးသွားရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး
Jul 07 • 2:59 PM
မြန်မာ
မွန်
မျှဝေမည်
24 | 0 | 0 | 0 |