ပင်လုံမြို့ဝင်တံတားတွင် ဆိုင်ကယ်နှစ်စီးတိုက်မိပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး

Jul 07 • 1:15 PM

breaking-news

မြန်မာ

ရှမ်း

cover

ပင်လုံမြို့ဝင်တံတားတွင် ဆိုင်ကယ်နှစ်စီးတိုက်မိပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး

ရှမ်းပြည်နယ် တောင်ပိုင်းပင်လုံမြို့ အရှေ့ဘက်လွိုင် ဖလန်လမ်း လယ်ကွက်တံတားအနီးတွင် ဇူလိုင်လ ၆ ရက် ညနေပိုင်း ၆ နာရီခန့် အချိန်က မော်တော် ဆိုင်ကယ် နှစ်စီး တိုက်မိပြ...

ရှမ်းပြည်နယ် တောင်ပိုင်းပင်လုံမြို့ အရှေ့ဘက်လွိုင် ဖလန်လမ်း လယ်ကွက်တံတားအနီးတွင် ဇူလိုင်လ ၆ ရက် ညနေပိုင်း ၆ နာရီခန့် အချိန်က မော်တော် ဆိုင်ကယ် နှစ်စီး တိုက်မိပြီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသူသည် တောင်ကြီးဘက်ကဟု သိရပြီး ၊ အမည် နေရပ် လိပ်စာ မသိရသေးကြောင်း ကူညီဆောင်ရွက်ပေးသူက ဆိုသည်၊။အဆိုပါ မော်တော်ဆိုင်ကယ် မောင်းနှင်သူ နှစ်ဦးလုံးသည် ဆိုင်ကယ် ဦးထုပ် မဆောင်းကြဘဲ၊ သေဆုံးသူ အမျိုးသားသည် အသက် ၃၀ ကျော် အရွယ် ရှိကြောင်း သိရသည်။ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို လွိုင်လင် ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။



news-view-count-icon

25