အဆိုတော် ဝေလ ရဲ့ “တစ်ရာဖိုး သုံး Cele ”တေးသီချင်း ပရိသတ်များကြား ရေပန်းစားဆဲဖြစ်နေ

Jul 07 • 1:12 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အဆိုတော် ဝေလ ရဲ့ “တစ်ရာဖိုး သုံး Cele ”တေးသီချင်း ပရိသတ်များကြား ရေပန်းစားဆဲဖြစ်နေ

“တစ်ရာဖိုး သုံး Cele ”ဟု အမည်ရသော အဆိုတော် ဝေလ၏ တေးသီချင်းသစ်မှာ လက်ရှိအချိန်အထိ ပရိသတ်များကြားတွင် ရေပန်းစားနေပြီး ဂီတလောကနှင့် ရုပ်ရှင်အနုပညာလောကအတွင်း ဝေဖန်မ...

“တစ်ရာဖိုး သုံး Cele ”ဟု အမည်ရသော အဆိုတော် ဝေလ၏ တေးသီချင်းသစ်မှာ လက်ရှိအချိန်အထိ ပရိသတ်များကြားတွင် ရေပန်းစားနေပြီး ဂီတလောကနှင့် ရုပ်ရှင်အနုပညာလောကအတွင်း ဝေဖန်မှုအချို့လည်းရှိခဲ့ကြောင်း သိရသည်။အဆိုပါ တေးသီချင်းမှာ ဂီတလောကနှင့် ရုပ်ရှင်အနုပညာလောအတွင်း အနုပညာခံစားမှုထက် အကျိုးအမြတ်ကိုသာ ရည်ရွယ်၍လုပ်စားနေမှုအပေါ် ဝေဖန်သီဆိုထားခြင်းဖြစ်သလို အနုပညာလောကအတွင်းမှ အားပေးထောက်ခံသူလည်း အများအပြားရှိခဲ့သည်။ထိုတေးသီချင်းမှာ Lyric - ဝေလ/ကိုထက်၊ Band – Marcury ၊ Oasis Studio မှ ထုတ်လုပ်ပြီး အဆိုတော် ဝေလက ပြီးခဲ့သော ဇွန်လ ၁၂ ရက်မှစ၍ ပရိသတ်များနားဆင်နိုင်ရန် လူမှုကွန်ရက်မှဖော်ပြပေးခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်မျှဝေသူများစွာဖြင့် ပရိသတ်အားပေးမှုရနေသော တေးသီချင်းအဖြစ် တည်ရှိနေလျက်ရှိသည်။


news-view-count-icon

15