ဇဗ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အပါအဝင် ဧကသုံးထောင်ရှိ အိမ်ရာများကို ဘတ်ဟိုးစက်ယန္တရားများဖြင့် ဖြိုဖျက်ရှင်းလင်းနေခြင်းဖြစ်သည်။မြေငလျင်ဒဏ်သင့်ဝန်ထမ်းများနေထိုင်ရန် ယာယီရွက်ဖျင်တဲများ၊ ကားတွန်တိန်နာ အဆောက်အဦများဖြင့် နေထိုင်ရန် စစ်ကောင်စီက စီစဉ်ပေးထားသည်။နေထိုင်ရေး ခက်ခဲသောဝန်ထမ်းများအနေဖြင့် ငလျင်ဒဏ်ထိထားသော်လည်း အန္တရာယ်မရှိဟု သတ်မှတ်ထားသည့် အိမ်ရာများတွင် ပြန်လည်နေထိုင်နေကြသည်။မတ် ၂၈ ရက်နေ့မှ ဇွန် ၂၆ ရက်နေ့ အထိ သေဆုံးသူ (၃၇၆၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၁၀၄)ဦးနှင့် ပျောက်ဆုံးသူ (၃၈) ဦးရှိသည်။



