ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 ကျောင်းသူ အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်ကို ရှာမတွေ့သေးတာကြောင့် အခုလို ဆုကြေးထုတ်ရတာလို့ မိခင် ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာကြော်ညာထား

Jul 06 • 11:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 ကျောင်းသူ အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်ကို ရှာမတွေ့သေးတာကြောင့် အခုလို ဆုကြေးထုတ်ရတာလို့ မိခင် ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာကြော်ညာထား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 ကျောင်းသူ အ...

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 ကျောင်းသူ အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်ဟာ သူ ပညာသင်နေတဲ့ လှည်းကူးမြို့က ဘော်ဒါဆောင်ကနေ ဧပြီ ၂၄ ရက်မှာ မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့တာ ရှာမတွေ့သေးတာကြောင့် အခုလို ဆုကြေးထုတ်ရတာလို့ မိခင် ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာရေးပါတယ်။မဆုရတနာအောင်ဟာ ကျောက်ဖြူမြို့မှာ နေခဲ့ချိန်က ၂ ထပ်ကွမ်း လူရည်ချွန်ဆု ရရှိထားသူဖြစ်ပြီး မငြိမ်သက်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ကျောင်းတ. က်နေတာလို့ သိရပါတယ်။

"ကျွန်မအသဲနှလုံး အရှင်လတ်လတ် ဆွဲထုတ်ခံထားရတဲ့ မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့ သမီးငယ်လေး ဆုရတနာအောင်ကို ရှာနေမှာပါ ။ အခုတော့ ဘယ်တွေများရောက်နေပြီလဲ သမီးငယ်လေးရယ်။ မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလားသမီးငယ်လေးရယ်" ဆိုပြီး လူမှုကွန်ရက်မှာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက ရင်ဖွင့်ပါတယ်။မဆုရတနာအောင် ပျောက်ဆုံးတာကို နေ့စဉ်ထုတ် သတင်းစာတွေမှာ လူပျောက်ကြော်ငြာနဲ့ ရှာဖွေနေပြီး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။


news-view-count-icon

94