ဝန်ဆောင်မှုနှင့် အာမခံမှုမပေးနိုင်သည့် EV ကားများ စျေးကွက်အတွင်းဝင်ရောက်နေခြင်းကြောင့် မှန်ကန်စွာတင်သွင်းသူများပါ အခက်ကြုံ​နေ

Jul 05 • 3:29 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဝန်ဆောင်မှုနှင့် အာမခံမှုမပေးနိုင်သည့် EV ကားများ စျေးကွက်အတွင်းဝင်ရောက်နေခြင်းကြောင့် မှန်ကန်စွာတင်သွင်းသူများပါ အခက်ကြုံ​နေ

လျှပ်စစ်ကားများမြန်ဆန်စွာတင်သွင်းနိုင်ရန် အရင်းအနှီးနည်းပါးသည့် အရောင်းစာချုပ်ဖြင့် တင်သွင်းမှုကို အစမ်းသဘောခွင့်ပြုထားခြင်းကြောင့် (CBU) ကုမ္ပဏီများ၏ EV ကားမျာ...

လျှပ်စစ်ကားများမြန်ဆန်စွာတင်သွင်းနိုင်ရန် အရင်းအနှီးနည်းပါးသည့် အရောင်းစာချုပ်ဖြင့် တင်သွင်းမှုကို အစမ်းသဘောခွင့်ပြုထားခြင်းကြောင့် (CBU) ကုမ္ပဏီများ၏ EV ကားများ ဈေးကွက်အတွင်း အများအပြားရောင်းချနေရမှုများရှိသည်။သို့သော် နောက်ပိုင်းတွင် ရောင်းချပြီးနောက် လုပ်ပေးရမည့်ဝန်ဆောင်မှုနှင့် အပိုပစ္စည်းမရှိသည့်ကားများသည်လည်း မြန်မာဈေးကွက်အတွင်း စုပုံဝင်ရောက်မှုရှိနေသည်။ လက်ရှိတွင် EVစျေးကွက်၌ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် အချို့သော CBU ကား အမျိုးအစားများကို ကားပွဲစားများ၊ ကားအရောင်းစင်တာများမှ မသိနားမလည်သည့် သုံးစွဲသူပြည်သူများထံ အလွယ်တကူရောင်းချမှုများသည် ပိုမိုများပြားလာနေသည်။ အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ အနေဖြင့် EV Pilot Project အဖြစ်လုပ်ဆောင်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်အထိ ပြည်ပမှ EV ကားအစီးလိုက် တင်သွင်းသည့် (CBU) ကုမ္ပဏီ (၈၀)ကျော်အထိရှိနေကြောင်းလည်း သိရသည်။


news-view-count-icon

26