ပဲခူးမြို့ ရွှေပန်းကျေးရွာတွင် ဇူလိုင်လ ၄ ရက် ညနေပိုင်းက အသက်၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသား၂ဦးက အဓ္ဓမပြုကျင့်ခဲ့ကြပြီး သက်ဆိုင်ရာက ဖမ်းဆီးရမိထားတးယ်လို့ ရပါတယ်။အမျိုးသမီးမှာ နေအိမ်အောက် ကွပ်ပျစ်ပေါ်တွင် ကျန်းမာရေးမကောင်း လမ်းမလျှောက်နိုင်ဘဲ အိပ်ယာ ထဲလဲနေသူ မိခင်ဖြစ်သူကို ခြင်ထောင်ထောင်ပေးနေစဉ် မိခင်နဲ့ ခင်မင်ရင်းနှီးသူ အသက်၁၉နှစ်အရွယ် အောင်ကိုလတ်(ခ) အသေးလေး မုက္ကလကျေးရွာ နေသူနဲ့အသက်၁၇နှစ်အရွယ် မိုးစက်ဇင်ယော်(ခ) မင်းခန့်ကျော် (ခ)ဂျင်းကောင် ရွှေပန်းကျေးရွာ နေသူတို့မှာ မိခင်ဖြစ်သူအား လူနာလာမေးရန် ရောက်ရှိ လာခဲ့ပါတယ်။အမျိုးသမီးဖြစ်သူကို ကူညီလုပ်ကိုင်ပေးမယ်လို့ဆိုပြီး ခြေထောက်(၂)ချောင်းကို အောင်ကိုလတ်မှ ကိုင်မ ပြီး မင်းခန့်ကျော်မှ လက်တစ်ဘက်ဖြင့် ပါးစပ်ပိတ်ကာ အိမ်အနောက်ဘက်သို့ ခေါ်ဆောင်ခဲ့ပြီး သူတို့ ၂ ဦးမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ကာထွက်ပြေးသွားခဲ့တဲ့ အမှုဖြစ်ပါတယ်။အမျိုးသမီးဖြစ်သူမှ မိခင်ဖြစ်သူထံ ပြန်လည်ပြောပြခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ အောင်ကိုလတ်(ခ)အသေးလေးနဲ့ မိုးစက်ဇင်ယော်(ခ)မင်းခန့်ကျော်(ခ)ဂျင်းကောင်တို့(၂)ဦးကို ဥပဒေအရအရေးယူပေးပါရန် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူ(၂)ဦးကို ယနေ့ ဇူလိုင်လ ၅ ရက် ယနေ့နံနက် ၁၁နာရီကျော်အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုကိုစစ်ဆေး နေတယ်လို့ သိရပါတယ်။
ပဲခူးမြို့ ရွှေပန်းကျေးရွာတွင် အမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်သူ(၂) ဦးကိုဖမ်းမိ
Jul 05 • 3:23 PM
မြန်မာ
ပဲခူး
မျှဝေမည်
16 | 0 | 0 | 0 |