နေပြည်တော်တွင် ကားအငှားဝန်ဆောင်မှု လုပ်ငန်းများပါး၍ အလုပ်ပြောင်းသူအချို့ရှိလာ

Jul 04 • 3:51 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် ကားအငှားဝန်ဆောင်မှု လုပ်ငန်းများပါး၍ အလုပ်ပြောင်းသူအချို့ရှိလာ

ငလျင်ပြီးနောက်ပိုင်း နေပြည်တော်ဒေသတွင် ခရီးသွားအငှားကားဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်မဖြစ်ဘဲ လုပ်ငန်းများပါးနေခြင်းကြောင့် အလုပ်ပြောင်းသူအချို့ရှိလာကြောင်း ...

ငလျင်ပြီးနောက်ပိုင်း နေပြည်တော်ဒေသတွင် ခရီးသွားအငှားကားဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်မဖြစ်ဘဲ လုပ်ငန်းများပါးနေခြင်းကြောင့် အလုပ်ပြောင်းသူအချို့ရှိလာကြောင်း အဆိုပါ ကားအငှားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရသည်။ယခင်က နေပြည်တော်သို့ခရီးသွားများအနေနှင့် ဝန်ကြီးဌာနကိစ္စများဖြင့် လာရောက်သူများရှိသလို နိုင်ငံခြားဧည်သည်အဝင် ရှိနေခြင်း၊ နေပြည်တော်တွင် ဘုရားဖူးဧည့်သည်များခြင်း၊ ကျောက်မျက်ပွဲအချိန်များတွင် ကျောက်မျက်ကိစ္စများဖြင့် ခရီးသွားအဝင်အထွက်များကာ ကားအငှားဝန်ဆောင်မှုများ တွင်ကျယ်ခဲ့ကြောင်း၊ ယခုအခါ ငလျင်အပြီးနောက်ပိုင်း ခရီးသွားအဝင်ပါးပြီး အငှားကားဝန်ဆောင်မှုလုပ်ငန်းများ ပါးသွားကြောင်း သိရသည်။



news-view-count-icon

16