ယနေ့ ဇွန်လ ၂၉ရက် နေ့လည် ၁နာရီခွဲခန့်မှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ကျွန်းပင်သာကျေးရွာမှာ အခြေချထားတဲ့ စစ်အုပ်စုများက ကျွန်းပင်သာနဲ့ အိန္ဒိယနယ်စပ်ကြား လယ်ကွင်းစားကျက်တစ်နေရာ မှာ လွတ်ထားတဲ့ နွားတွေကို အခုလိုပစ်သတ်ခိုးယူသွားတာလို့ ဆိုပါတယ်။မတရားပစ်သတ် ခိုးယူသွားတဲ့ နွားတွေဟာ မင်းသာကျေးရွာ နဲ့ ကျွန်းပင်သာကျေးရွာက ဒေသခံစစ်ရှောင်ပြည်သူ များရဲ့ နွားတွေဖြစ်ပြီး နယ်စပ်အနီးက လယ်ကွင်းတွေမှာ လွတ်ကြောင်းထားရာမှ လာရောက်ပစ်သတ်ခိုးယူသွားကြတာဖြစ်ပါတယ်။မင်းသာ နဲ့ ကျွန်းပင်သာ ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်အုပ်စု နဲ့ အပေါင်းအပါများက ဒေသခံပြည်သူများ ပိုင်ဆိုင်တဲ့ကျွဲ၊ နွားများကို မကြာခဏဆိုသလို ပစ်သတ်ခိုးယူသွားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
တမူးနယ်မှာ ဒေသခံပြည်သူများရဲ့ နွား ၇ကောင်ကို သတ်ဖြတ်ခိုးယူခံရ
Jun 29 • 3:17 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
7 | 0 | 0 | 0 |