ချင်းရွှေဟော်မှ မန္တလေးသို့ ကုန်စည်ပို့ဆောင်ရာတွင် ဖမ်းဆီးမှုစိပ်လာ၍ ကုန်တင်ယာဉ်အချို့ ရပ်နား

Jun 26 • 3:59 PM

breaking-news

မြန်မာ

ရှမ်း

cover

ချင်းရွှေဟော်မှ မန္တလေးသို့ ကုန်စည်ပို့ဆောင်ရာတွင် ဖမ်းဆီးမှုစိပ်လာ၍ ကုန်တင်ယာဉ်အချို့ ရပ်နား

ချင်းရွှေဟော်‌မှ မန္တလေးမြို့အထိ ကုန်စည်ပို့‌ဆောင်ရာတွင် ၁၂ ဘီး ကား တစ်စီးကို ကျပ် ၉၅ သိန်း မှ ၁၂၅ သိန်းအထိ ကားခရရှိသော်လည်း မန္တလေးမြို့အဝင်တွင် ဖမ်းဆီးခံရမှု ...

ချင်းရွှေဟော်‌မှ မန္တလေးမြို့အထိ ကုန်စည်ပို့‌ဆောင်ရာတွင် ၁၂ ဘီး ကား တစ်စီးကို ကျပ် ၉၅ သိန်း မှ ၁၂၅ သိန်းအထိ ကားခရရှိသော်လည်း မန္တလေးမြို့အဝင်တွင် ဖမ်းဆီးခံရမှု စိပ်လာသည့်အတွက် ရပ်နားသည့် ကုန်တင်ယာဉ်အချို့ရှိလာကြောင်းကုန်တင်ယာဉ်မောင်းအချို့ထံမှ သိရသည်။ချင်းရွှေဟော်ဘက်မှ မန္တလေးမြို့အထိ ကုန်စည်ပို့ဆောင်ရာတွင် ၁၂ ဘီးယာဉ် တစ်စီးကို လမ်းတလျှောက် ပေးဆောင်ရသည့် လမ်းကြေးပါ အပြီးအစီး ကျပ် ၉၅ သိန်း မှ ၁၂၅ သိန်း အထိပေးရပြီး တွဲကားဆိုပါက သိန်း ၂၀၀ နီးပါး ကားခဈေးရှိကြောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရန်အတွက် ကုန်တင်ယာဉ်များလိုအပ်ကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။ကုန်စည်များကို လားရှိုးမြို့ ရေပူစမ်းလမ်းစုံ စစ်ဆေးရေးဂိတ်၊ မန္တလေး ရတနာပုံတံတား စစ်ဆေးရေးဂိတ်၊ မြစ်ငယ်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်ဘက်မှ အဝင် စစ်ဆေးရေးဂိတ်များ နှင့် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်များမှ စစ်ဆေးကာဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။ချင်းရွှေဟော်-မန္တလေး ကားလမ်းကြောင်းသည် အာဏာမသိမ်းခင်ကာလက ကုန်စည်ပို့ဆောင်ရာတွင် ရက်အနည်းငယ်သာ ကြာမြင့်သော်လည်း ယခုကာလတွင် တစ်လနီးပါး ကြာမြင့်ပြီး တချို့ကုန်စည်များမှာ ၆ လနီးပါးအထိ စောင့်ဆိုင်းရမှု ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ 


news-view-count-icon

21