ရန်ကုန်တိုင်း သုခဒဂုံအိမ်ယာမှာ သူခိုးက ဝရံတာကနေ ကျော်တက်လာပြီး အိမ်ထဲဝင်ခိုးနေချိန် အိမ်ရှင် လင်မယား (၂)ဦးတို့နှင့် ထိပ်တိုက်တွေ့မိရာမှ၂ယောက်စလုံးကို ဓားဖြင့် ထိုးသတ်ခဲ့လိုက်ကြောင်းသိရပါတယ်။လင်မယား ၂ဦးစလုံး ဟာဓား ဒဏ်ရာဖြင့်ရှိနေချိန်လူမှုကူညီရေးအသင်းကို အရေးပေါ်ဖုန်းဆက်အကူအညီတောင်းခဲ့ပြီးဇနီးဖြစ်သူဟာ သတိရရှိ၍ စိုးရိမ်ရ ဒဏ်ရာနှင့်ဖြစ်ပြီး ခင်ပွန်းဖြစ်သူဟာ ဒဏ်ရာ (၁၉)ချက်ဖြင့် သတိမရတော့ဘဲရှိနေကြောင်းသိရပါတယ်ကူညီရေးအဖွဲ့သားတွေရောက်တော့စိုးရိမ်ရဒဏ်ရာရရှိထားတဲ့ ဇနီးဖြစ်သူဟာသူ့ခင်ပွန်း အသက်မဆုံးရှူံးဘူးအထင်နဲ့ သူ့ခင်ပွန်းက်ိုသာ ပထမဆုံးအသက်အမြန်ကယ်ဖို့ အကူအညီတောင်းဆိုခဲ့ကာကယ်ဆယ်ရေးသမားတွေဟာ သူ၏ခင်ပွန်းဖြစ်သူ ဒဏ်ရာ (၁၉)ချက်နဲ့ အသက်ဆုံးရှူံးသွားပြီဆိုတာ သေချာသိရပေမယ့် စိုးရိမ်ရဒဏ်ရာရရှိထားတဲ့ ဇနီးဖြစ်သူ၏အသက်ကို အချိန်မီကယ်ဆယ်ဖို့ကြိုးစားကြပြီး စိတ်မထိခိုက်စေရန် ခင်ပွန်းဖြစ်သူ အသက်မရှိတော့တာကို ပြောမပြသေးဘဲ ခေတ္တဖုံးဖိခဲ့ကြတယ်လို့သိရပါတယ်။အခုတော့ ဇနီးဖြစ်သူ စိုးရိမ်ရလူနာဟာ သက်သာမှုရှိလာကာသူခိုးကိုတော့ ဖမ်းမိကြပြီလို့ သိရပါတယ်။
ရန်ကုန်တိုင်း သုခဒဂုံအိမ်ယာမှာခိုးနေတုန်းမိ၍ သူခိုးက အိမ်ရှင် ၂ဦးကို ဓားဖြင့် (၁၉)ချက် ထိုးသတ်မှုဖြစ်ပွားခဲ့
Jun 21 • 3:47 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
11 | 0 | 0 | 0 |