ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ်မှ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ကုန်စည်များ တင်ဆောင်ခွင့် မပြုတော့ကြောင်း ယာဉ်လိုင်းဂိတ်များထံမှ သိရသလိုရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံ၊ တာချီလိတ် ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများ တွင် ပစ္စည်းများ တင်ဆောင်ခွင့် မရှိတော့ကြောင်း မော်တော်ယာဉ်လိုင်း တာဝန်ရှိသူက ဆိုသည်။တောင်ကြီးမှ တာချီလိတ်သို့ ခရီးသည် တစ်ဦးလျှင် ကားခ တစ်သိန်းတစ်သောင်းကျပ် ဖြစ်ကာ၊ လမ်းခရီး အဆင်ပြေလျှင် တစ်ည အိပ်ရကြောင်း ယာဉ်လိုင်း တာဝန်ရှိသူက ဆိုသည်။ ကျိုင်းတုံ နှင့် တာချီလိတ် သွားသော ယာဉ်လိုင်း မော်တော်ယာဉ်ခ အတူတူပင် ဖြစ်ကာတောင်ကြီးမြို့တွင်း ကုန်စည်ပို့ဆောင်ရေး ဂိတ်များကို မထားတော့ဘဲ မြို့ပြင် ဟိုပုံး အထွက်လမ်း ရှိ သစ်တော ကားလေးကွင်းနှင့် ကုန်စည်ပို့ဆောင်ရေး ဂိတ် တို့တွင် ဆိုင်ခန်း ဖွင့်ခွင့် ပြုတော့ကြောင်း သိရသည်။ ကုန်စည် တင်ဆောင်ခွင့် မပြုတော့သဖြင့် ပို့ဆောင် ဆက်သွယ်ရေး ခက်ခဲလာကာ တောင်ကြီးတွင် ဆေးဝါး နှင့် ပြည်ပ အသုံးအဆောင် ပစ္စည်းများ ရှားပါး စျေးတက်လာနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တာချီလိတ်မှ တောင်ကြီးသို့ ကုန်စည်များ တင်ဆောင် ခွင့် မပြုတော့ကြောင်း သိရ
Jun 20 • 6:21 AM
မြန်မာ
ရှမ်း
မျှဝေမည်
32 | 0 | 0 | 0 |