ဇွန် ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးရွာချိန်အတွင်း မော်တော်ယာဉ်တစ်စီး လမ်းဘေးရေမြောင်းထဲသို့ထိုးကျခဲ့ပြီး၊ ယာဉ်ပေါ်ပါ လင်မယားနှစ်ဦး ရေမွန်းကာ သေဆုံးခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာမရှိသော်လည်း၊ မိုးကြောင့်လမ်းချောခြင်းနှင့် မျက်နှာချင်းဆိုင်ယာဉ်တစ်စီးကို တိမ်းရှောင်ချိန်မှာ ယာဉ်ထိန်းချုပ်မရဘဲ ရေမြောင်းအတွင်းသို့ကျသွားခြင်း ဖြစ်သည်။ သေဆုံးသူများမှာ ကျိုက်လတ်မြို့နယ်နေ ကိုဇေထွဋ်ဝင်းနှင့် မစန်းစန်းဌေး တို့ဖြစ်ကြသည်။



