တောင်ကြီးတွင် ဘုန်းကြီးကျောင်းသုံးယာဥ်များ စာရင်းတောင်းခံ

Jun 15 • 5:54 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် ဘုန်းကြီးကျောင်းသုံးယာဥ်များ စာရင်းတောင်းခံ

တောင်ကြီးမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအသုံးပြုနေသည့် ယာဥ်များစာရင်းကို ဇွန် ၁၇ ရက်နေ့အထိ မြို့နယ်သံဃာ့နာယကအဖွဲ့သို့ တင်ပြရန် ဥက္ကဌဆရာတော...

တောင်ကြီးမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအသုံးပြုနေသည့် ယာဥ်များစာရင်းကို ဇွန် ၁၇ ရက်နေ့အထိ မြို့နယ်သံဃာ့နာယကအဖွဲ့သို့ တင်ပြရန် ဥက္ကဌဆရာတော်မှ ဓမ္မဝိဒူအုတ်ဖိုကျောင်းမှတဆင့် အသိပေးစာပို့ထားသည်။ ယာဉ်လိုင်စင်ရှိ/မရှိမခွဲခြားဘဲ စာရင်းတောင်းခံထားခြင်းဖြစ်ပြီး ယာဉ်အမျိုးအစား၊ မော်ဒယ်၊ အရောင်၊ ယာဉ်အမှတ်၊ ဓာတ်ပုံအပြင် သာသနာဝင်အမှတ်၊ ဘွဲ့တော် စသည့်အချက်အလက်များပါဝင်သည်။ မော်လမြိုင်နှင့်အခြားနေရာများတွင်လည်း လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမှုဖြစ်နေသည့်အချိန်တွင် ဤစာရင်းတောင်းခံမှုသည် သာသနာ့လုပ်ငန်းများအတွက် သယ်ယူရေးအခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်ဟု သံဃာတော်များကစိုးရိမ်ကြသည်။


news-view-count-icon

45