ဟန်မြင့်မိုရ် - ရွာငံလမ်း ဆင်ခေါင်းတောင်အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုးဖမ်းမိခဲ့

Jun 15 • 3:21 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

ဟန်မြင့်မိုရ် - ရွာငံလမ်း ဆင်ခေါင်းတောင်အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုးဖမ်းမိခဲ့

ဇွန်လ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟန်မ...

ဇွန်လ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟန်မြင့်မိုရ် - ရွာငံလမ်း ဆင်ခေါင်းတောင်အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ လူသုံးကုန်ပစ္စည်းသုံးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၈,၂၄၄,၂၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Hinthar Truck တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၁,၂၄၄,၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

43