နေပြည်တော်တွင် လိုင်စင်မဲ့ဆိုင်ကယ်များဖမ်းနေ၍ စက်ဘီးသုံးစွဲသူ ပြန်လည်များပြားလာနေ

Jun 14 • 5:03 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် လိုင်စင်မဲ့ဆိုင်ကယ်များဖမ်းနေ၍ စက်ဘီးသုံးစွဲသူ ပြန်လည်များပြားလာနေ

နေပြည်တော် မြို့နယ်များအတွင်းတွင် လိုင်စင်မဲ့မော်တော်ယာဉ်၊‌ဆိုင်ကယ်များဖမ်းဆီးနေသည့်အတွက် ဆိုင်ကယ်စီးသူဦးရေနည်းသွားပြီးနောက် စက်ဘီးအသုံးပြုသူ ပြန်လည်များလာကြောင...

နေပြည်တော် မြို့နယ်များအတွင်းတွင် လိုင်စင်မဲ့မော်တော်ယာဉ်၊‌ဆိုင်ကယ်များဖမ်းဆီးနေသည့်အတွက် ဆိုင်ကယ်စီးသူဦးရေနည်းသွားပြီးနောက် စက်ဘီးအသုံးပြုသူ ပြန်လည်များလာကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဆိုင်ကယ်များဖမ်းဆီးလာခြင်းကြောင့် စက်ဘီးစီးသူများလာသည့်အပြင် စက်ဘီးများလည်း အရောင်းအဝယ် ပြန်ဖြစ်နေပြီး စျေးသက်သာမည့် ဘီးများကိုဝယ်စီးလာကြခြင်းလည်းဖြစ်သည်။စက်ဘီးစီးနင်းမှုများလာသလို စက်ဘီးများအရောင်းအဝယ်ဖြစ်ရာတွင် စျေးသက်သာသည့် တရုတ် ဘီးများကို ဝယ်စီးကြပြီး စျေးနှုန်းအားဖြင့်လည်း ကျပ် တစ်သိန်းအောက်မှ တစ်သိန်းဝန်းကျင်သာရှိကြောင်း၊ ဂျပန်ဘီးများမှာ အနည်းဆုံး ကျပ်နှစ်သိန်း၊ သုံးသိန်းဝန်းကျင်ရှိနေခြင်းကြောင့် တရုတ်ဘီးများကို နှစ်သက်သူများသလို အပေါင်ဆုံးစက်ဘီးများကိုပင် ပြန်ဝယ်ပြုပြင်၍ စီးနင်းခြင်းများရှိပါတယ်။


news-view-count-icon

13