၁၄.၆.၂၀၂၅ ရက်ယနေ့၊ ၀၇နာရီ ၄၅မိနစ် အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ (၂၂)မိုင်မလိဝမ်း အ.မ.ကကျောင်းပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မလိဝမ်းနယ်မြေမီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။



