Air India လေယာဉ်ပျက်ကျမှုမှာ အသက် ၂၀ ကျော် လေယာဉ်မယ် ကူကီး(ချင်း) လူမျိုးတစ်ဦးနဲ့ ကသည်းလူမျိုး တစ်ဦးလည်းသေဆုံးခဲ့ရ

Jun 13 • 12:40 PM

breaking-news

မြန်မာ

ချင်း

cover

Air India လေယာဉ်ပျက်ကျမှုမှာ အသက် ၂၀ ကျော် လေယာဉ်မယ် ကူကီး(ချင်း) လူမျိုးတစ်ဦးနဲ့ ကသည်းလူမျိုး တစ်ဦးလည်းသေဆုံးခဲ့ရ

လေယာဥ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဥ် Boeing AI171 ဟာ ဇွန်လ ၁၂ရက်နေ့ က အိန္ဒိယအနောက်ပိုင်း Ahmedabad, Gujarat မှ လန်ဒန် Gatw...

လေယာဥ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဥ် Boeing AI171 ဟာ ဇွန်လ ၁၂ရက်နေ့ က အိန္ဒိယအနောက်ပိုင်း Ahmedabad, Gujarat မှ လန်ဒန် Gatwick သွားဖို့ ပျံတက်ပြီး မကြာခင်ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများဖြစ်တဲ့ မဏိပူရ်ပြည်နယ်က အသက် ၂၀ ကျော် ကူကီး(ချင်းအနွယ်ဝင်) လူမျိုးနဲ့ ကသည်းလူမျိုးဖြစ်တဲ့ လေယာဉ်မယ်နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) နဲ့ Young Kuki အဖွဲ့အစည်းတို့ကလည်း ကူကီးလူမျိုး Miss Lamnunthem Singson ရဲ့မထင်မှတ်ဖွယ် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) ရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ Miss Lamnunthem Sinson ဟာ သတ္တိရှိသော၊ ကြံ့ခိုင်သောစိတ်ဓာတ်နဲ့ခွန်အားတို့ဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း၌ ထူးချွန်ထက်မြက်၍ ကြိုးစားပြီး အလားအလာရှိတဲ့ လူငယ်ပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ဖခင်ကွယ်လွန်ပြီးနောက် သူမ၏ မောင်နှမများကို ပြုစုစောင့်ရှောက်သူဖြစ်ကြောင်း၊ လူမှုရေးခွဲခြားဆက်ဆံမှု၊ နိုင်ငံရေးဖိနှိပ်မှုနဲ့ တိုင်းရင်းသားအကြမ်းဖက်မှုတို့၏ ဒဏ်ရာဒဏ်ချက်များကြောင့် ကူကီးပြည်သူများ နာကျင်မှုကို နက်ရှိုင်းစွာ ခံစားနေရချိန်တွင် ဤကွယ်လွန်မှုသည် ထပ်မံနာကျင်မှုကို ဖြစ်စေရကြောင်း၊ ကူကီးလူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုယ်စား သူမ၏မိသားစုအား အနက်ရှိုင်းဆုံးဝမ်းနည်းကြောင်းနဲ့စာနာစိတ်များကို ပေးပို့အပ်ပါကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သူတို့အား ခွန်အားဖြင့် နှစ်သိမ့်မှုပေးသနားပါစေကြောင်း၊ လေယာဉ်ပျက်ကျမှုတွင် သေဆုံးရသူများအားလုံး၏ ဝိညာဉ်များအနေဖြင့် ထာ၀ရငြိမ်းချမ်းစွာအနားယူနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြပါတယ်။Young Kuki အဖွဲ့အစည်းကလည်း ကျွန်ုပ်တို့၏ ညီမ ဆုံးရှုံးခဲ့ရသည့် စိတ်ကူး၍မရနိုင်သော ဆုံးရှုံးမှုကြောင့် ဝမ်းနည်းပူဆွေးရချိန်တွင်၊ ယနေ့ကြုံတွေ့ရသော ဝမ်းနည်းကြေကွဲမှုတွင် ကွယ်လွန်သွားသော ဝိညာဉ်များ၏ မိသားစုများထံသို့ ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးသော ဆုတောင်းများကိုလည်း ပို့သအပ်ပါကြောင်း၊ ယခုလို ကြေကွဲဝမ်းနည်းဖွယ်အချိန်၌ မည်သည့်စကားလုံးမျှ ကြီးမားသော ဝမ်းနည်းမှုကို အမှန်တကယ် နှစ်သိမ့်နိုင်ခြင်းမရှိသော်လည်း ကျွန်ုပ်တို့သည် ဝမ်းနည်းမှု၊ ခွန်အားနှင့် စည်းလုံးမှုတို့ဖြင့် ရပ်တည်လျက်ရှိကြောင်း ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။




news-view-count-icon

4