ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ မြို့ဝင်တိုးဂိတ် အနီး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ယာဉ်စစ် ဆေးခြင်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေစဉ် မယ်ယန်းရွာ ဘက်မှ မိုင်းကိုးရွာဘက်သို့ အရှိန်းမြင့်မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးမှာ ယာဉ်စစ် ဆေးသည့်နေရာမရောက်မီ စစ်ဆေးနေသည့်တာဝန်ရှိသူများအား တွေ့ရှိပြီး ပြန်လှည့်မောင်းနှင်ထွက်ပြေးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာမှ ဖမ်းဆီးရမိကာ
ဇွန်လ ၁၂ ရက်နေ့ ၊ နံနက် ၁၀နာရီ အချိန် တွင် ယာဉ်ထိမ်းရဲ အုပ်စု(၁၂၁)တာချီလိတ်မှ ရဲ သက်သေများနှင့်အတူ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းမကြီးပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ယာဉ်စစ် ဆေးခြင်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေစဉ် မယ်ယန်းရွာ ဘက်မှ မိုင်းကိုးရွာဘက်သို့ အရှိန်းမြင့်မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးမှာ ယာဉ်စစ် ဆေးသည့်နေရာမရောက်မီ ကိုက်(၅၀)ခန့်အကွာသို့အရောက် တပ်ဖွဲ့ဝင်များအား တွေ့ပြီးပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဝမ်းလုံးကျေးရွာအရောက် တာချီလိတ်-ကျိုင်းတုံ သွားလမ်း ပြည်ထောင်စုလမ်းမကြီးဘေး၌ ရပ်တန့်ထားသော ယာဉ်အမှတ် SHN-8 7Q/3456 နံပါတ်တပ်ဆင်ထားသော MITSUBISHI PAJERO SPORT အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား သော့ပွင့်လျက်တွေ့ရှိရပြီး ယာဉ်အတွင်း၌ တရားဝင်မှတ်ပုံတင်ထားရှိသည့် အထောက် အထားစာရွက်စာတမ်း တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိသဖြင့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


