ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေကြောင်း သိရသည်။“မနေ့ညကနေ တစ်ညလုံးရွာတာ။ ရေဝင်တာ၊ ရေတက်တာလည်း မြန်တယ်။ အိမ်ထဲ ရေရောက်နေပြီ။ ငလျင်အပြီး ရေလမ်းကြောင်းများပြောင်းသလား မသိဘူး။ ရေတက်တာ မြန်တယ်” ဟု မြို့ခံတစ်ဦးက လူမှုကွန်ရက်က်တွင် မျှဝေထား သည်။ထို့ပြင် ငလျင်ဒဏ်ကြောင့် ယာယီတဲဖြင့် နေထိုင်သူများလည်း အများအပြားရှိနေသေးသောကြောင့် မိုးများလျှင် အခက်အခဲဖြစ်နေရကြောင်းလည်း သိရသည်။



