ဆန်ဈေးနှုန်းတည်ငြိမ်ဖို့ ရွှေဘို ၊ ဧရာဝတီပေါ်ဆန်းကို ဆန်စပါးကုန်စည်ဒိုင်တွေက သက်သာတဲ့နှုန်းထားတွေ နဲ့ အပတ်စဉ်ရောင်းချပေးသွားမယ်လို့ဆို

Jun 11 • 11:40 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဆန်ဈေးနှုန်းတည်ငြိမ်ဖို့ ရွှေဘို ၊ ဧရာဝတီပေါ်ဆန်းကို ဆန်စပါးကုန်စည်ဒိုင်တွေက သက်သာတဲ့နှုန်းထားတွေ နဲ့ အပတ်စဉ်ရောင်းချပေးသွားမယ်လို့ဆို

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ဦးဆောင်ပြီး ၊ ဆန်စပါးကုန်စည်ဒိုင်တွေကနေ သက်သာတဲ့နှုန်းထား နဲ့ အပတ်စဉ်ဗုဒ္ဓဟူး နဲ့ ကြာသပတေး နေ့တွေမှာ ဆန်စပါးကုန်စည်ဒိုင်(ဝ...

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ဦးဆောင်ပြီး ၊ ဆန်စပါးကုန်စည်ဒိုင်တွေကနေ သက်သာတဲ့နှုန်းထား နဲ့ အပတ်စဉ်ဗုဒ္ဓဟူး နဲ့ ကြာသပတေး နေ့တွေမှာ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) မှာ ဆန် တွေ ရောင်းချပေးသွားမယ်လို့ဆိုပါတယ်။အိမ်ထောင်စု တစ်ခုကို ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်း ၁၀ kg တစ်အိတ်စီ ကို ဝယ်ယူသွားနိုင်မယ်လို့ဆိုပါတယ်။ဈေးနှုန်းအနေနဲ့ ရွှေဘိုပေါ်ဆန်း ၁၀ kg တစ်အိတ်ကို ၃၁,၀၀၀ ကျပ် နဲ့ ဧရာဝတီ ပေါ်ဆန်း ၁၀ kg တစ်အိတ်ကို ၂၄,၀၀၀ ကျပ် သတ်မှတ်ရောင်းချပေးသွားမယ်လို့သိရပါတယ်။အခုလို သက်သာတဲ့ဈေးနှုန်း နဲ့ ဆန်တွေ ကို လတ်တလော အမှတ်-၁၀၀၊ ဝါးတန်းလမ်းနဲ့ ကိုင်းတန်းလမ်းကြား၊ လမ်းမတော်မြို့နယ်ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) မှာ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ကြာသပတေး နေ့တွေမှာ ဝယ်ယူနိုင်မှာဖြစ်ပြီး ၊ နောက်ပိုင်းမှာ ဈေးတွေဆီ အလှည့်ကျစနစ်နဲ့ရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ဈေးတွေ ကို တစ်ပတ် နှစ်ရက်နှုန်း အပတ်စဉ် သောကြာ ၊ စနေ ၊ရက်တွေ မှာ အလှည့်ကျစနစ်နဲ့လှည့်လည်ရောင်းချပေးသွားဖို့စီစဉ်ထားတယ်လို့သိရှိရပါတယ်။




news-view-count-icon

3