Esports World Cup 2025 ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Mythic Seal သွားရောက်ယှဥ်ပြိုင်မည်

Jun 09 • 12:43 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

Esports World Cup 2025 ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Mythic Seal သွားရောက်ယှဥ်ပြိုင်မည်

ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Esports World Cup 2025 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Mythic Seal ကသွားရောက်ယှဥ်ပြိုင်မည် ဖြစ်သည်။ထိုသို့သွားရောက်...

ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Esports World Cup 2025 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Mythic Seal ကသွားရောက်ယှဥ်ပြိုင်မည် ဖြစ်သည်။ထိုသို့သွားရောက်ယှဥ်ပြိုင်ရန်အတွက် ပြည်တွင်းရှိ Mobile Legends:Bang Bang (MLBB) အသင်းများမှ ကိုယ်စားပြုအသင်းအဖြစ်ရွေးချယ်ရန် MSL MM 2025 Season 1 ကို ကျင်းပခဲ့ရာ ပြည်တွင်းအသင်းပေါင်းများစွာမှ Mythic Seal အသင်းက Champions ဆုကြီးကို ရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် သွားရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ Mythic Seal အသင်းအနေဖြင့် Grand Final တွင် Yangon Galacticos အသင်းနှင့် ယမန်နေ့ညနေပိုင်းက Best of 7 ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ရပြီး ၄-၂ ရလာဒ်ဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။

news-view-count-icon

32