တာချီလိတ်မြို့၌ လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များကိုစစ်ဆေးအရေးယူ

Jun 09 • 12:04 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့၌ လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များကိုစစ်ဆေးအရေးယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အဝင်တွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်မဲ့ဆိုင်ကယ်များအား ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက စစ်ဆေးအရေး ယူမှုများပြုလုပ်ခဲ့က...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အဝင်တွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်မဲ့ဆိုင်ကယ်များအား ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက စစ်ဆေးအရေး ယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များပူး ပေါင်း၍ ကားများ၊ ကယ်များတွင် လိုင်စင်အတု၊ နံပါတ်ပြားအတုများတပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ လိုင်စင်မဲ့ယာဉ်များပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုင်စင်မဲ့ယာဉ်များအသုံးပြုမောင်းနှင်လာပါက ဖမ်းဆီးမှုများပြုလုပ်မည်ကိုလည်း သတိပေးပြောကြားမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ထို့ပြင် ပူးပေါင်းအဖွဲ့ဝင်များမှ တာချီလိတ်မြို့နယ်အတွင်း၌ လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များအား စီမံချက်ချမှတ်၍ ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ကား၊ ဆိုင်ကယ်အရောင်းဆိုင်များတွင် လိုင်စင်မဲ့နှင့် သက်တမ်းလွန် ယာဉ်များရောင်းချမှု ရှိ/မရှိတို့ကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11