မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိသီဟိုဠ်ရှင်စေတီ ဘုရားပွဲတော်ကို နယုန်လဆန်း၈ရက် ဇွန်လ၃ရက်ကနေ နယုန်လဆုတ်၂ရက် ဇွန်၁၂ရက်အထိ အထိကျင်းပနေတာဖြစ်ပြီး ကိုဗစ်ကာလကစလို့ ဘုရားပွဲတော်မကျင်းပခဲ့ရာကနေ အခုနှစ်မှပြန်လည်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။နယုန်လပြည့်နေ့ ဇွန်လ၁၀ရက်မှာ သီဟိုဠ်ရှင်စေတီ ဘုရားပွဲတော်အထိမ်းအမှတ် သံဃာ၁၅၀၀ ကိုဆွမ်း၊ဆွမ်းဟင်းတွေ လောင်းလှူမှာဖြစ်တယ်လို့လည်း သိရပါတယ်။



