MNL (U-21) Youth League 2025ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ငါးဂိုးဂိုးမရှိဖြင့်မဟာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်၏ AYA Pay Man Of The Match ဆုကို ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၈)ကောင်းခန့်ဟိန်း ကရရှိခဲ့သည်။အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို မြန်မာ့လက်ရွေးစင်ယူ-၂၂သင်းနည်းပြချုပ် ခူရိုဆာခီကချီးမြှင့်ပေးခဲ့သည်။



