မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင်
ထောက်ပံ့ရန် ဆေးဝါးပစ္စည်းများဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပြီး တင်ဒါပုံစံများကို ၂၉-၅-၂၀၂၅ ရက်နေ့မှ စတင်၍ ၅-၆-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး ရုံးချိန် အတွင်း ထုတ်ယူနိုင်ကာတင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည့် နေ့ရက်နှင့်အချိန်မှာ- ၉-၆-၂၀၂၅ (ရုံးချိန်အတွင်း) ဖြစ်သလို
တင်ဒါပုံစံများ ထုတ်ယူရမည့်နေရာ (က)- မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်ရုံးခွဲအမှတ်(၄၂)၊ စတုတ္ထအထပ်၊ ကမ်းနားလမ်း ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၁ ၃၉၂၀၂၈ ~ ၃၀ (လိုင်းခွဲ-၁၁၉)၊၀၉ ၂၅၃၀၇၆၃၂၃ တင်ဒါပုံစံများ ထုတ်ယူရမည့်နေရာ (ခ)- ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံအနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက် ပျားမွေးမြူရုံးဘေးကပ်လျက်ရုံး၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၉ ၂၅၄၉၃၈၄၇၄ဖြစ်ကာ တင်ဒါစည်းမျည်းစည်းကမ်းချက်များနှင့်လုပ်ငန်းအသေးစိတ် အချက်အလက်များအားသိရှိလိုပါက အထက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။



