ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သာတဲလမ်းတွင်ဆေးကြောင်နေသူ ဖခင်ဖြစ်သူမှ အသက် (၅)နှစ်အရွယ်သမီးဖြစ်သူကို ခိုးယူထွက်ပြေးခဲ့

Jun 03 • 7:44 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သာတဲလမ်းတွင်ဆေးကြောင်နေသူ ဖခင်ဖြစ်သူမှ အသက် (၅)နှစ်အရွယ်သမီးဖြစ်သူကို ခိုးယူထွက်ပြေးခဲ့

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သာတဲလမ်းတွင် ဆေးကြောင်နေသူ ဖခင်မှအသက် (၅)နှစ်အ ရွယ်သမီးဖြစ်သူကို ခိုးယူထွက်ပြေးသွားလို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ကလေးငယ်၏ ဖခင်န...

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် သာတဲလမ်းတွင် ဆေးကြောင်နေသူ ဖခင်မှအသက် (၅)နှစ်အ ရွယ်သမီးဖြစ်သူကို ခိုးယူထွက်ပြေးသွားလို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ကလေးငယ်၏ ဖခင်နှင့် မိခင်ဖြစ်သူမှာ လွန်ခဲ့တဲ့ (၃) နှစ်ဝန်းကျင်တွင် တရားဝင်ကွာရှင်းထား ကြတာဖြစ်ပြီး ဇွန်လ ၂ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ဖခင်နဲ့သမီးဆုံတွေ့စဉ် ဖခင်မှာ သမီး ဖြစ်သူကို ခိုးယူထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။ကလေးဖခင်မှာ ဆေးသုံးစွဲနေသူတစ်ဦးဖြစ်ပြီး အသက်(၃၆)နှစ်အရွယ်ရှိ ဇင်ဝိုင်းဆိုသူဖြစ်ကာ ၎င်းကိုင်ဆောင်တဲ့ဖုန်းကို ကလေးမိခင်မှ ဆက်သွယ်သော်လည်း ဖုန်းမှာဆက်ပိတ်ထားတယ်လို့ သိရကာခိုးယူခံရတဲ့ ကလေးငယ်မှာ အသက်(၅) နှစ်အရွယ် မဝိုင်းဝတီကိုကို(ခ) ဝိုင်းဝတီရွှန်းသန့်ဖြစ်ပြီး ကလေးကို တွေ့ရှိပါက မိခင်ဖြစ်သူ ဖုန်း ၀၉-၆၆၆၃၅၉၆၆၂ ကိုဆက်သွယ်နိုင်တယ်လို့ အကူ အညီ တောင်းခံထားပါတယ်။


news-view-count-icon

23