သာယာလှပတဲ့ ဆွစ်ဇာလန်ရွာမှာ ရေခဲပြင်ကြီးပြိုကျဖုံးလွှမ်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရကာ ကြာသပတေးနေ့မှာ ရွာသူရွာသားတွေ ထိတ်လန့်ခံစားခဲ့ရပါတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်ခြင်းက အဲ့ပ်စ်တောင်တန်းတွေအပေါ် သက်ရောက်နေတဲ့ ဥပမာတစ်ခုအဖြစ် သိပ္ပံပညာရှင်များ ယူဆလာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကုဗမီတာသန်းနဲ့ချီရှိတဲ့ ရေခဲ၊ ရွှံ့၊ ကျောက်တုံးတွေက တောင်တစ်ခုကို ဖြိုချပစ်ခဲ့ပြီး ဘလက်တန်ရွာနစ်မြုပ်သွားကာ ကျန်တဲ့အိမ်တွေဟာလည်း ခဏနေတော့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ 

ဆွစ်ဇာလန်ရွာတစ်ခု၌ရေခဲပြင်အပျက်အစီးများဖုံးလွှမ်း
May 30 • 9:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


