ကြံခင်းမြို့နယ် ဆိပ်သာရွာမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား ၊ ၂၄ နာရီအတွင်းတရားခံဖမ်းဆီးနိုင်ခဲ့

May 25 • 11:22 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ကြံခင်းမြို့နယ် ဆိပ်သာရွာမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား ၊ ၂၄ နာရီအတွင်းတရားခံဖမ်းဆီးနိုင်ခဲ့

မေလ ၂၅ ရက်နေ့ နံနက် ၁၁:၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ဆိပ်သာရွာတွင် နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်းသိ...

မေလ ၂၅ ရက်နေ့ နံနက် ၁၁:၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ဆိပ်သာရွာတွင် နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။သေဆုံးသူများဖြစ်သော ဦးဌေးမြင့်နှင့် သူ၏ဇနီးဖြစ်သူဒေါ်ယဉ်ရွှေအား သမက်ဖြစ်သူ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ တင်မောင်အေးမှ ကားဖြင့်လာရောက်ကာ ၎င်းတို့နှစ်ဦးအားဓားဖြင့်ထိုးသတ်ရာ ဒေါ်ယာဥ်ရွှေမှာ နေရာတွင် ​ပွဲချင်းပြီးသေဆုံးသွားပြီး ဦးဌေးမြင့်မှာ ဆိပ်သာဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။ လူသတ်ထွက်ပြေးတိမ်းရှောင်နေသူ တင်မောင်အေးအား ယနေ့ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ကြံခင်းမြို့နယ်၊ ကွေ့မအုပ်စု၊ ကွေ့မရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။




news-view-count-icon

81