မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

May 25 • 5:03 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲမှရရှိသည့် ငွေကြေးများကို ငလျင်ဒဏ်သင့်ဒေသသို့ လှူဒါန်းသွားရန်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအတွင်း ခေါင်တွဲဆိုင်းများအနေဖြင့် ထွ န်းမင်းနိုင် နှင့် Veenut (ထိုင်း)၊ ရာမာဉ်နှင့် ဖာမီချိုင်း(ထိုင်း)၊ ကျော်ဇင်လတ် (MFC)နှင့် ထွန်းတောက်မင်း (အဖြူရောင်သွေးသစ်)တို့အပါအဝင် တွဲဆိုင်း (၁၂)ဆိုင်း ပါဝင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။



news-view-count-icon

19