အမေရိကန်ကောလိပ်ဘောလုံးအသင်းမှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်လူဟာ လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ လေ့ကျင့်ရေးကို ဇွန်လ (၈) ရက်မှာ ပူးပေါင်းနိုင်မယ်လို့ အသင်းမီဒီယာတာဝန်ခံက iSports ကို အတည်ပြုပြောပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဇွန်လနောက်ဆုံးပတ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။



