သရုပ်ဆောင် ခိုင်နှင်းဝေက အလှူငွေ အမှန်တကယ် မှားလွှဲသူများနဲ့ လိမ်လည်သူများအနက်မှ အပိုလွှဲမိသောသူအား ရက်ပေါင်း ၂၀ အတွင်း ပြန်စိစစ်ပြီး ပေးခဲ့ကြောင်း သက်သေနှင့်ပြ

May 25 • 3:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သရုပ်ဆောင် ခိုင်နှင်းဝေက အလှူငွေ အမှန်တကယ် မှားလွှဲသူများနဲ့ လိမ်လည်သူများအနက်မှ အပိုလွှဲမိသောသူအား ရက်ပေါင်း ၂၀ အတွင်း ပြန်စိစစ်ပြီး ပေးခဲ့ကြောင်း သက်သေနှင့်ပြ

သရုပ်ဆောင်ခိုင်နှင်းဝေက မြေနီကုန်းရွာမှ အလှူရှင် ငလျင်ဘေးအတွက်လှူဒါန်းရင်း ၇ သိန်းကျပ်အား သိန်း ၇၀ ကျော်မှားလွှဲမိလို့ ရက်ပေါင်း ၂၀ အတွင်း ပြန်လည်စိစစ်ပြီးလွှဲပ...

သရုပ်ဆောင်ခိုင်နှင်းဝေက မြေနီကုန်းရွာမှ အလှူရှင် ငလျင်ဘေးအတွက်လှူဒါန်းရင်း ၇ သိန်းကျပ်အား သိန်း ၇၀ ကျော်မှားလွှဲမိလို့ ရက်ပေါင်း ၂၀ အတွင်း ပြန်လည်စိစစ်ပြီးလွှဲပေးခဲ့တယ်လို့ သက်သေနှင့်တကွ ချပြလာပါတယ်။ အဆိုပါ သက်သေတွင် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်လည်း ပါဝင်နေတာတွေ့ရပါတယ်။ အမှန်တကယ် ငွေမှားလွှဲမိသူနဲ့ လိမ်လည်သူများအနက်မှ ငွေပိုလွှဲမိသူလို့ပြောထားတာကြောင့် သူမအနေနဲ့ လိမ်လည်သူများရှိနေကြောင်းလည်း အသိပေးလာတာပါ။ မေလ ၇ ရက်နေ့မှာ သျှားထက်နွယ် အွန်လိုင်းအထည်လုပ်ငန်းမှ ခိုင်နှင်းဝေရဲ့ Special Acc ထဲကို ငွေကျပ် သိန်း ၃၀ နီးပါး မှားလွှဲထည့်မိရာ ယနေ့အချိန်ထိ ပြန်လည်မရရှိသေးသောကြောင့် သူမရဲ့ချွေးနည်းစာအား ပြန်လွှဲပေးရန် အွန်လိုင်းပေါ်ရှိသူမအကောင့်မှဖော်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။



news-view-count-icon

52