နယ်စပ် မြဝတီမြို့နယ်အတွင်း ကျားဖြန့် နှိမ်နင်းရေးအကြောင်းပြုကာ ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီ၊ ဂတ်စ်တင်သွင်းမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီဆိုင်များအရောင်းပိတ်ထားခဲ့ရပြီး ဆီရရှိရေးအတွက် မော်တော်ယာဉ်၊ ဆိုင်ကယ်များတန်းစီတိုးကြိတ်ခဲ့ကြရကာ ယခုအခါ စက်သုံးဆီဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိ နေပြီဖြစ်သော်လည်း ဆီဈေးနှုန်းမှာ ယခင်ထက် မြင့်တက်နေဆဲဖြစ်သည်ဟုဆိုသည်။မြဝတီမြို့တွင် စက်သုံးဆီဆိုင်များ အရောင်းပိတ်စဉ်က စက်သုံးဆီရရှိရေးအတွက်မဲဆောက်ဘက်သို့ ဆီသွားထည့်ကြရပြီး ယခုအခါ ပြည်တွင်း( အောက်ဘက်)မှ သယ်ဆောင်လာသောစက်သုံးဆီများမှာလည်း လမ်းဂိတ်ကြေး အကောက်များပြားခြင်းကြောင့် စက်သုံးဆီဈေးမြင့်တက်နေရခြင်းဖြစ်သည်ဟု ဆီကုန်သည်များကပြောသည်။



