ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် နေရာတချို့မှာ သွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင်တာတွေကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။ရန်ကုန် - ပုသိမ် ကားလမ်းပေါ်မှာရှိတဲ့ ကြက်သွန်ကွင်းဂိတ်ကနေ ကဇင်းဘောအထိကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ နှစ်ဖက်ပိတ်ပြီး သွားလာခွင့်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ကျေးရွာနေ ပြည်သူတွေဟာ မီးသွေးဖုတ်လုပ်ငန်း၊ သီဟိုဠ်ခြံလုပ်ငန်းတွေကို လုပ်ကိုင်ကြတာကြောင့် အခုလို ကုန်စည်နဲ့ သွားလာခွင့်တွေကို ကန့်သတ်လိုက်တာဟာ ပိုပြီးတော့ အခက်တွေ့စေပါတယ်။တချို့ဆိုရင် ဆန်အစား ဆန်ကွဲတွေကိုသာ သယ်ယူသွားကြတာတွေလည်း ရှိတယ်လို့ သာပေါင်းဒေသခံတစ်ယောက်ထံမှ သိရပါသည်။



