သရုပ်ဆောင် ထွန်းထွန်းက ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား၏ ထုတ်လုပ်သူနှင့် သရုပ်ဆောင်အဖြစ် ပါဝင်ကြိုးစား ထားကြောင်းကို ၎င်း၏ လူမှုကွန်ရက်တွင် အသိပေးဖော်ပြချက်အရ သိရသည်။အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေမဝင်ရွာဟု အမည်ရသည့် ဇာတ်ကားကြီးလည်းဖြစ်ပြီး ၎င်းအနေဖြင့် ပထမဆုံးအဖြစ် ထုတ်လုပ်သူနေရာနှင့် သရုပ်ဆောင်နေရာတွင် တစ်ပြိုင်နက်လုပ်ဆောင်ခွင့်ရခြင်းလည်း ဖြစ်သည်။အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် အောင်ချမ်းလူမှ ရိုက်ကူးပုံဖော်ထားသလို ၎င်းနှင့်တူ ကျော်ကျော်ဗို၊ ဖြိုးငွေစိုး၊ တင်မောင်ဆန်းဝင်း၊ ဝေဖြိုး၊ ဖူးစုံ၊ စနိုးကြည်ဖြူ ၊ ငှက်ပျောကြော်နှင့် အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားကြသည့် Horror ပုံစံကို တစ်မူထူးခြားကွဲထွက်အောင် ဖန်တီးထားသည့် ဇာတ်ကားမျိုးလည်းဖြစ်သည်ဟု ဆိုထားသည်။ထိုဇာတ်ကားမှာ မေလ ၁၆ ရက်တွင် ရုံတင်ပြသနေပြီဖြစ်သလို ၎င်း၏လက်ရာကို ပရိသတ်များမှ လာရောက်ကြည့်ရှုအားပေး၍ အကဲဖြတ်ခြင်းများလည်းပြုလုပ်ရန် ဖိတ်ခေါ်ထားလျက်ရှိသည်။



