ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့်လည်းကောင်း၊ ပြည်သူပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း စီမံဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းမကြီးများတွင် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများ ဖူးပွင့်ဝေဆာနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။



