back

မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးဟိုတယ်ပေါ်ကနေ ဆင်းပြေးခဲ့ရတဲ့ အိုင်းရင်းဇင်မာမြင့်တို့ဇနီးမောင်နှံ

May 18 • 3:33 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးဟိုတယ်ပေါ်ကနေ ဆင်းပြေးခဲ့ရတဲ့ အိုင်းရင်းဇင်မာမြင့်တို့ဇနီးမောင်နှံ

အဆိုတော် အိုင်းရင်းဇင်မာမြင့်တို့ ဇနီးမောင်နှံဟာ မေလ ၁၇ ရက်နေ့ ည ၁၀နာရီ၂၅ မိနစ်အချိန်မှာ 5.2 ပြင်းအားဖြင့်လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို ကိုယ်တွေ့ သိသာစွာ ခံစားခဲ့ရတာလ...

အဆိုတော် အိုင်းရင်းဇင်မာမြင့်တို့ ဇနီးမောင်နှံဟာ မေလ ၁၇ ရက်နေ့ ည ၁၀နာရီ၂၅ မိနစ်အချိန်မှာ 5.2 ပြင်းအားဖြင့်လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို ကိုယ်တွေ့ သိသာစွာ ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။အဆိုပါအချိန်မှာ သူတို့ဇနီးမောင်နှံက မန္တလေးမြို့ရှိ Hotel Apex မှာရောက်ရှိနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူက အိမ်သာဝင်နေချိန်မှာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားလို့ အိမ်သာထဲကနေ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ အိုင်းရင်းဇင်မာမြင့်ကတော့ ည ၁၂ ကျော် အချိန်ခန့်ထိ ဟိုတယ်ပေါ်တက်မအိပ်ရဲတော့လို့ အဝတ်ထုတ်တွေနဲ့တိုင်ပတ် ဒုက္ခရောက်နေပုံကိုပြောပြထားတာပါ။ မနေ့ည မေလ ၁၇ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မတ်လ ၂၈ ရက်နေ့နောက်ပိုင်းလှုပ်တဲ့ငလျင်တွေထဲက အကြာဆုံးနဲ့ အပြင်းဆုံးငလျင်လည်းဖြစ်ခဲ့ပါတယ်။


news-view-count-icon

26