back

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ်ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းပြိုကျပြီး ပြုပြင်ရန် ညပိုင်းခေတ္တလမ်းပိတ်ထား

May 18 • 2:34 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ်ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းပြိုကျပြီး ပြုပြင်ရန် ညပိုင်းခေတ္တလမ်းပိတ်ထား

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ် ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းတွင် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ညပိုင်း (၁၀) နာရီမှ စ၍ ခေတ္တ ...

ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ် ထမ်ဆန်းဂူအကျော် ၂ မိုင်အကွာလမ်းပိုင်းတွင် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ညပိုင်း (၁၀) နာရီမှ စ၍ ခေတ္တ လမ်းပိတ်ထားမည် ဖြစ်ကာ

နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် တောင်ကြီး - လွိုင်လင် - နမ့်စန် လမ်းပိုင်း မိုင်တိုင်အမှတ် ၁၄၃/၅ နှင့် ၁၄၃/၆ အကြား (ထမ့်ဆန်းဂူအကျော် ၂ မိုင် ခန့် အကွာ) ရှိ မြေပြိုတောင်အား မေလ ၁၂၀ ရက်မှ ဇွန်လ ၃ ရက် အထိ ၊ ဆယ့်ငါးရက်တာ ကာလအတွင်း တောင်ပြိုမြေ ရှင်းလင်း ဆောင်ရွက်ခြင်း လုပ်ငန်းအား လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း လမ်းအသုံးပြုသူများထံ ကြိုတင် အသိပေးခဲ့ခြင်း လည်းဖြစ်ပါတယ်။ ထိုနေ့ရက်များဖြစ်သော မေလ ၂၀ ရက်မှ ဇွန်လ ၃ ရက် အထိ ၊ ဆယ့်ငါးရက်တာ ကာလအတွင်း မော်တော်ယာဉ် ဖြတ်သန်းမှုများအား မိုင်တိုင် အမှတ် ၁၃၈/၄ မိုင် (မိုးမင်းသား စားသောက်ဆိုင်၊ နောင်ခါးရွာ အနီး) မှ မိုင်တိုင် အမှတ် ၁၄၄/၃ မိုင် (မြရတနာ စားသောက်ဆိုင် ၊ လွယ်၀ိုးတုတ်ရွာ အနီး) ထိ နေ့စဉ် ည ဆယ်နာရီမှ နံနက် ၄ နာရီ အထိ သွားလာဖြတ်သန်းခွင့် ပိတ်ပင်ထားမည် ဖြစ်ပါတယ်။ထို လွိုင်လင် - တောင်ကြီး လမ်းပိုင်းတွင် ယာဉ် ကြော ကြပ်တည်းမှု ရှိခြင်းကြောင့် ကားငယ် မောင်းသမား များသည် ကျောက်တန်း - ပင်လုံ လမ်းပိုင်းကို ရွေးချယ်မောင်းနှင်ကြပြီး၊ ထို ကျောက်တန်း - ပင်လုံ လမ်းပိုင်းသည် အတက်အဆင်းများသဖြင့် မသွားဖူးလျှင် အလွန် အန္တရာယ်များသော လမ်းပိုင်း ဖြစ်ကြောင်း ယာဉ်မောင်းသမား များက ဆိုပါတယ်။



news-view-count-icon

94