back

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့်အမြစ်ခြေမှ လှန်၍ လဲကျရာမှကျား(၁)ဦး၊ မ(၁)ဦး (သေဆုံး)ခဲ့

May 18 • 2:31 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့်အမြစ်ခြေမှ လှန်၍ လဲကျရာမှကျား(၁)ဦး၊ မ(၁)ဦး (သေဆုံး)ခဲ့

၁၈.၅.၂၀၂၅ ရက်နေ့၊၀၀ နာရီ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်းတိုက်အ...

၁၈.၅.၂၀၂၅ ရက်နေ့၊၀၀ နာရီ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတွင် လုံးပတ် (၅)ပေခန့်၊ အရှည်(၄၀)ပေ ခန့်ရှိ ကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့်အမြစ်ခြေမှ လှန်၍ လဲကျရာမှ ယာယီလူနေမိုးကာတဲအိမ်ပေါ်သို့ ပိမိနေကြေ ကြောင်းသတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရတနာဘုမ္မိအနောက်အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဂေါဝိန်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပြီးအဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး၊ မ(၁)ဦး (သေဆုံး)တို့အား မိုဃ်းကောင်းရသလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။



news-view-count-icon

29