နေပြည်တော်ရှိ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များအတွင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းဖြစ်ပြားခဲ့သည့် ဒေသခံပြည်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများအတွက် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် မှတ်ပုံတင်နှင့် စိစစ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ဤလုပ်ငန်းစဉ်သည် ပြည်သူ့အခက်အခဲများ လျော့ပါးစေရန်နှင့် တရားဝင်မှတ်ပုံတင်အထောက်အထားများပြည့်စုံစွာ ရရှိစေသည့် ရည်ရွယ်ချက်ဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်သည်။



