ကျောင်းဖွင့်ရာသီအတွက် သင့်တော်သော Back to School ပွဲတော် ကို ၂၀၂၅ မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပလျက်ရှိသည်။ပညာရေးနှင့် သက်ဆိုင်သည့် စာအုပ်ကာဗာ၊ ကျောင်းသုံးပစ္စည်းများ၊ ဝတ်စုံများနှင့် လေ့လာဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နေရာတည်းတွင် ရရှိနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်သည့် ပွဲတော်ဖြစ်သည်။ မိဘများနှင့် ကျောင်းသူကျောင်းသားများအတွက် အသုံးဝင်မည့် အထူးလျှော့စျေးပရိုမိုးရှင်းများ၊ ပညာရေးဆိုင်ရာဖျော်ဖြေရေးပွဲအစီအစဉ်များပါဝင်သည်။



