၂၀၂၅ မေလ ၁၈ ရက်မနက်က မိုး/ဇလထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနှံ့ မိုးရွာနှုန်းမြင့်ပြီး တိုင်းဒေသကြီးအများစုတွင် မိုးထစ်ချုန်းရွာမည်ဟု ခန့်မှန်းထားသည်။ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ရခိုင်၊ ရှမ်းမြောက်ပိုင်းနှင့် ကချင်တွင် မိုးရွာနိုင်ပြီး ကျန်ဒေသများတွင်လည်း မိုးများရှိနိုင်သည်။ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ချင်း၊ ရှမ်းတောင်ပိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်ပြီး မိုးကြိုး၊ လေပြင်းနှင့် မိုးသီးအန္တရာယ်ရှိသဖြင့် သတိပြုရန် အကြံပြုထားသည်။



