UFC 315အဌဂံဝိုင်းဘေးမှာ အမှန်ကန်အောင်ပွဲခံ‌နေတဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာအောင်လအန်ဆန်း

May 11 • 3:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

UFC 315အဌဂံဝိုင်းဘေးမှာ အမှန်ကန်အောင်ပွဲခံ‌နေတဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာအောင်လအန်ဆန်း

လက်ရှိ ကနေဒါမှာ ကျင်းပနေတဲ့ UFC 315 ပြိုင်ပွဲဆီ မြန်မာ့လက်ဝှေ့ဖိုက်တာအောင်လအန်ဆန်း ရောက်ရှိနေပြီးသူ့ရဲ့ လေ့ကျင့်ဖော် ကနေဒါနိုင်ငံသား မာ့ခ် အန်ဒရီဘာရီယို့စ် က ဒီ...

လက်ရှိ ကနေဒါမှာ ကျင်းပနေတဲ့ UFC 315 ပြိုင်ပွဲဆီ မြန်မာ့လက်ဝှေ့ဖိုက်တာအောင်လအန်ဆန်း ရောက်ရှိနေပြီးသူ့ရဲ့ လေ့ကျင့်ဖော် ကနေဒါနိုင်ငံသား မာ့ခ် အန်ဒရီဘာရီယို့စ် က ဒီပြိုင်ပွဲမှာ ဘရူနို ဆေးဗားနဲ့ ထိုးခဲ့ရတာဖြစ်ပါတယ်။ဖိုက်တာအန်ဒရီဘာရီယို့စ် က တခြားသူ မဟုတ်ဘဲ လက်ဝှေ့ကျော် ဒေ၀ ရဲ့ ဆရာအရင်း ပက်ထရစ် စိဖု ရဲ့ တပည့်ရင်းတစ်ယောက်ဖြစ်ကာဒေ၀ နဲ့ ဆိုရင် ဆရာတူ တပည့်လို့ ပြောနိုင်ကာဘရော်နီကာ ကို အောင်လအန်ဆန်းက လှမ်းပြီး Congratulations ပြောတော့ ဘေးနားကနေ ထပ်မံချီးကျူးစကား ပြောဆိုခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒီပွဲကို အောင်လအန်ဆန်း နဲ့ ပက်ထရစ်စိဖု တို့ နှစ်ယောက်စလုံးက ဘေးကနေ အနီးကပ် ကြီးကြပ် ဝန်းရံရင်းပွဲကိုလဲ ပထမချီ တံတောင်ရိုတ်ချက်တွေနဲ့ စောစောစီးစီး ပွဲသိမ်းပြပါတယ်။ဒါကြောင့် အောင်လအန်ဆန်းဟာ ကွင်းဘေးကနေ အမှန်ကန် အောင်ပွဲခံသွားပါတယ်။ UFC Commentator တွေကလဲ အောင်လ အောင်ပွဲခံနေတဲ့ အခိုက်တန့်ကို ရိုတ်ပြပြီး "ဒါကတော့ အောင်လအန်ဆန်း ပါ" လို့တောင် ထုတ်ဖော် ပြောဆိုသွားခဲ့သေးတာလည်းဖြစ်ပါတယ်။

news-view-count-icon

23