ပခုက္ကူမှာ မဟာဓါတ်အားလိုင်း တိုင်တွေကျိုးလို့ မြို့နယ်လေးခု လျှပ်စစ်မီးပြတ်

May 04 • 1:40 PM

breaking-news

မြန်မာ

မကွေး

cover

ပခုက္ကူမှာ မဟာဓါတ်အားလိုင်း တိုင်တွေကျိုးလို့ မြို့နယ်လေးခု လျှပ်စစ်မီးပြတ်

မနေ့က မေလ ၃ရက် ညပိုင်းကစပြီး ပခုက္ကူ၊ ရေစကြို၊ ကမ္မနဲ့ မြစ်ခြေမြို့နယ်တွေမှာ မြို့ပေါ်အပြင် ကျေးရွာတွေမှာပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ဒေသခံတွေက ပြောပ...

မနေ့က မေလ ၃ရက် ညပိုင်းကစပြီး ပခုက္ကူ၊ ရေစကြို၊ ကမ္မနဲ့ မြစ်ခြေမြို့နယ်တွေမှာ မြို့ပေါ်အပြင် ကျေးရွာတွေမှာပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ပခုက္ကူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီးက ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးသွားတာကြောင့် ပြုပြင်နေပြီး ခန့်မှန်းကြာချိန် (၁၀)ရက်ကျော်နိုင်တယ်လို့ ပခုက္ကူလျှပ်စစ်ရုံးက အသိပေး ကြေညာပါတယ်။ ပခုက္ကူမြို့မှာ ဓာတ်အားတိုင်မကျိုးခင်က ၃နာရီလာ ၅ နာရီပြတ်စနစ်နဲ့ လျှပ်စစ်မီးပေးဝေနေပြီး ရာသီဥတုပူပြင်းတာကြောင့် လျှပ်စစ်မီးကို ပိုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



news-view-count-icon

17