မေ (၅) ရက် မနက် (၉) နာရီခွဲအချိန်က စပြီး နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး နဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ မြန်မာ့ရိုးရာပန်းပညာ (၁၀) မျိုး အထိမ်းအမှတ် Block Stamp အထူးထုတ် (၂၀၀၀)ကျပ်တန် စာပို့ တံဆိပ် ခေါင်း သစ် (၁) မျိုးကို ရောင်းချပေးသွားမယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်ပါတယ်။အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေးစာတိုက်ကြီးတို့ မှာ မေလ ၅ ရက်မှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေအပေါ်မှာ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။



