အဆိုတော်၊သရုပ်ဆောင်ဖေဖေ နေဝင်းရဲ့သမီးလေးအရာရာကတော့ ဒီကနေ့ကျရောက်တဲ့ ဖေဖေ့ရဲ့ မွေးနေ့မှာ မေမေလုပ်ပေးတဲ့ ကိတ်မုန့်လေးနဲ့ ပျော်ရွှင်နေပုံကို ဖေဖေက ပြောလာတာဘဲဖြစ်ပါတယ်။အရာရာလေးက ဖေဖေ့မွေးနေ့ကိုဆင်နွှဲနေပြီး မွေးနေ့ရှင်ထက်ပိုပျော်နေတယ်လို့ ဖေဖေက ပြောခဲ့ပါသေးတယ်။ ဒီနှစ်ဖေဖေနေဝင်းမွေးနေ့ကတော့ မိသားစု ၃ ယောက်အတူတူဖြတ်သန်းရတဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ အရာရာလေးဟာ အသက် ၆ လ ကျော်ရှိပြီးဖြစ်ပြီး ထိုင်တတ်စအရွယ်ကိုရောက်နေပြီလို့ မေမေက ပြောပါတယ်။
ဖေဖေ နေဝင်းရဲ့ မွေးနေ့မှာ အပျော်ဆုံးလေးဖြစ်နေတဲ့ သမီးချောလေးအရာရာ
Apr 26 • 4:02 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


