မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီး နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ နိုင်ပွဲတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်မှုတွေ ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ပါတယ် ။ အက်စတွန်ဗီလာ အသင်းဟာ PSG ကို အိမ်ကွင်းမှာ အနိုင်ကစားထားခဲ့တဲ့ အသင်းဖြစ်တာနဲ့အညီ နယူးကာဆယ်အသင်းကိုလည်း ခြေစွမ်းအသာနဲ့ ဂိုးပြတ် အနိုင်ကစားသွားခဲ့ကာ ချန်ပီယံလိဂ်ကို ၂ နှစ်ဆက်ဝင်ခွင့် ရရှိဖို့ အလားအလာတွေ ဖြစ်ပေါ်လာစေခဲ့ပြီးမန်စီးတီးအသင်းကလည်း အဲဗာတန်အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ကစားခဲ့တာပါ ။ နယူးကာဆယ်အသင်းရဲ့ ရှုံးနိမ့်မှုဟာ ချဲလ်ဆီး ၊ နော်တင်ဟမ်ဖောရက်စ်အသင်းတွေအတွက်လည်း အခွင့်အရေး ဖြစ်လာစေခဲ့ကာပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ကို အဆင့် ၅ နေရာအထိ ဝင်ခွင့် ရရှိထားတာကြောင့် ဘယ်အသင်းတွေ ပါဝင်သွားမလဲဆိုတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။
ဗီလာ နဲ့ မန်စီးတီးအသင်းတို့ကြောင့် ပိုပြီးအကျိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ
Apr 20 • 1:28 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


